ရေတာရှည်မြို့နယ်၌ နွေစပါးစိုက်တောင်သူများထံ သွင်းအားစုများ ပေးအပ်

ရေတာရှည် ဇန်နဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့၌ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော အသင်းသားတောင်သူများသို့ သွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂:၀၀ နာရီက ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာစည်းစိမ်တိုးစိုက်/ထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦးတင်ပိုင်အိမ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ကဏ္ဍအလိုက် အမှာစကားများ ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးအောင်သန်းဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုမြေသြဇာပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက နွေစပါးစိုက်ပျိုးသော သမဝါယမအသင်းသားများထဲမှ စိုက်ဧက(၂၅၀)ရှိသော တောင်သူများအား သွင်းအားစုမြေသြဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)