မြစ်ကြီးနား ဖေဖော်ဝါရီ ၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဇန်နဝါရီ ၂၄ ရက်နေ့မှ စတင်ကျင်းပခဲ့သော ဒုတိယအကြိမ် ဗုဒ္ဓဒေသနာတော် ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးစီးခြင်း အလှူရေစက်ချ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃနာယကအဖွဲ့ဝင်၊ မြစ်ကြီးနားမြို့ခေမာသီဝံကျောင်းတိုက်ဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစန္ဒဝရာဘိဝံသ အမှူးပြုသောနာယက၊ ဘာဏကဆရာတော် (၁၅)ပါးတို့ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဥပ္ပါတသန္တိပရိတ်တော်များနှင့် ပဋ္ဌာန်းပစ္စယုဒ္ဒသပါဋ္ဌိများ ရွတ်ဖတ်ပူဇော်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အနုမောဒနာတရား နာကြား၍ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဥပ္ပါတသန္တိ ပရိတ်ဒေသနာ တော်ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ ရုတ်သိမ်းလိုက်ကြ သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဧရာဝတီမြစ်ဆိပ်ရှိ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းအတွင်း အများပြည်သူ လွတ်လပ်ပျော်ရွှင် ချမ်းမြေ့စွာ အနားယူနိုင်ရေးအတွက် စားသောက်ဆိုင်တန်းရှေ့ မြေဧရိယာတွင် နေကြာစိုက်ပျိုးနိုင်ရေး လယ်ထွန်စက်များဖြင့် ထယ်ရေးဝင်ရောက်နေမှု အခြေအနေများနှင့် စည်ပင်သာယာရေးအဖွဲ့၊ စိမ်းလန်းလုပ်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များ ဖြည့်စွက်ပြင်ဆင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မြစ်ကြီးနားမြို့ သူနာပြု-သားဖွားသင်တန်းကျောင်း (၄)ထပ်စာသင်ဆောင်၌ ကျင်းပပြုလုပ်သည့် သူနာပြု-သားဖွားနှင့် ပညာရေးဒီဂရီကောလိပ်(မြစ်ကြီးနား)တို့မှ သင်တန်းသား/ သင်တန်းသူများအား ဆန်ရိက္ခာ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ သင်တန်းသား/သင်တန်းသူများအနေဖြင့် မိမိတို့ ရည်မှန်းချက်ပန်းတိုင် ပညာကို လေ့လာသင်ယူကြရာတွင် နေထိုင်စားသောက်မှု အဆင်ပြေစေရေး တတ်နိုင်သလောက် လာရောက် ပေးအပ်ခြင်းဖြစ်ပြီး နောင်တွင်လည်း ယခုလို ပေးအပ်နိုင်ရေး ကြိုးစားပေးသွားမည်ဖြစ်ကြောင်း ပြော ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သူနာပြု-သားဖွားဒီပလို သင်တန်းသား/ သင်တန်းသူများ နှင့် ပညာရေးဒီဂရီကောလိပ် သင်တန်းသား/ သင်တန်းသူများအတွက် ဆန်အိတ် (၁၀၀)စီဖြင့် စုစုပေါင်း ဆန်အိတ်(၂၀၀)ကို ချီးမြှင့်ပေးအပ်ရာ သင်တန်းသား/သင်တန်းသူများကိုယ်စား ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နေပြည်တော်သို့ သွားရောက်ပါဝင်ကပြဖျော်ဖြေကြမည့် ကချင်တိုင်းရင်းသားရိုးရာအကအဖွဲ့၏ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မျက်ခင်းပြင်၌ ဝတ်စုံပြည့် လေ့ကျင့်ကပြမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က ရိုးရာအကသည် ခေါင်း၊ ခါး၊ ခြေ၊ လက် အလုံးစုံပါဝင်ပြီး အားမာန်အပြည့်ဖြင့် ကပြဖျော်ဖြေနိုင်ရန် အရေးကြီးသည့်အပြင် မိမိတို့၏ အပြုံးသည် ကြည့်ရှုသူ စိတ်နှလုံးချမ်းမြေ့ရန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့ ပြည်နယ်အနေဖြင့် ပြည်ထောင်စု၏ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သည့် ကချိုး၊ ကဟန်ဖြင့် ပါဝင်ကြရမည်ကို ဝမ်းမြောက်ဂုဏ်ယူရမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အကအဖွဲ့အတွက် ချီးမြှင့်ငွေကျပ် (၁၀)သိန်းကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့နယ်၊ စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်/ မြို့ရုံးများမှ နယ်မြေအခြေအနေအရ ပြည်နယ်ရုံးများတွင် လာရောက်တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင် ရာဝန်ထမ်းများအား ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က စုစုပေါင်း ငွေကျပ် (၆၇၈,၉၀၀၀၀) တန်ဖိုးရှိ အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR)အစီအစဉ်(၃)ကိုရီးယားသမ္မတနိုင်ငံလှူဒါန်းသော ဆန်အိတ်(၈၇၆)အိတ်နှင့်ဆီတစ်ပိဿာ ဘူး (၈၇၆)ဘူး၊ ကြက်ဥ (၈၇၆၀) လုံးတို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဝန်ထမ်းများ၏ လိုအပ်ချက် များကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေး ရွာအုပ်စုအတွင်းရှိ ကွင်းအမှတ်(၃၁) ယိန်းခေါကွင်းအတွင်း တောင်သူ (၇)ဦး၏ ရိုးပြတ်ကျန် လယ်များအတွင်း လယ်သီးထပ်ဆောင်းဆီထွက်သီးနှံ ပဲပုတ်စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုးရေ လိုအပ်ချက်အတွက် ဆိုလာစက်ရေတွင်း အမြန်ဆုံး တူးဖော်ပြီးစီးရေး၊ ခြံဝင်းကာရံပေးထားမှု အခြေအနေများနှင့် ကွင်းအတွင်းရှိ ရိုးပြတ်ကျန် လယ်ဧက ၉၀ ကျော်လုံးတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပဲပုတ်စိုက်ခင်းများအတွက် ရွက်ဖျန်းအားတိုးဆေး အိတ်များကို တောင်သူများထံ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါကွင်းအတွင်း မိုးစပါးနှင့် သီး ထပ်အတွက် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်