သံဖြူဇရပ် ဖေဖော်ဝါရီ ၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်အတွင်း စဉ်ဆက်မပြတ်ပညာရေးသင်ကြားနေသည့် စာသင်ဝိုင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းတွင် စုရပ်အသီးသီးသို့ သွားရောက် ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စဉ်ဆက်မပြတ်ပညာရေးကို သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေပညာတတ်မြောက်မှု နည်းပါးသည့်ပြည်သူများအား ရပ်ကွက်/ကျေးရွာအုပ်စု (၁၁)အုပ်စုတွင် စာသင်ဝိုင်း (၃၂) ဝိုင်းမှ လူဦးရေ(၃၂၀)ဦးတို့အား ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရက်ပေါင်း (၆၀)ကို အခြေခံပညာကျောင်းများမှ ဆရာဆရာမများက နေ့စဉ်တစ်ရက် ၃ နာရီကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)