သတင်းများ

မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁) နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်‌ကျွေးပေးခြင်းများ ဆောင်ရွက်
Feb 04,2025
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများ၊  သားဖွားဆရာမများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များတို့မှ မြို့ပေါ် (၆) ရပ်ကွက်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါမိခင်နှင့်ကလေးကျန်းမာရေး ဌာနရုံးခန်းတွင် ကာကွယ်ဆေးများ ထိုးနှံတိုက်‌ကျွေးပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ ဟင်္သာတတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်အားပေး
Feb 04,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့ရှိ ဟင်္သာတတက္ကသိုလ်သို့ရောက်ရှိခဲ့ပြီး ဟင်္သာတတက္ကသိုလ်၊ ဘွဲနှင်းသဘင်ခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဘုတ်ပြင်းမြို့ အ.ထ.က-ဘုတ်ပြင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်စကားဝိုင်းကျင်းပ
Feb 04,2025
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်၍ ကျောင်းသားကျောင်းသူ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကိုယမန်နေ့က  အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Feb 04,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။
ပလောက်မြို့၌ ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ
Feb 04,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့မြေသြဇာဖြန့်ဖြူးရေးကော်မတီမှ ဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ် (၁)နာရီက ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (KG) ကျောင်းသား/ သူများအား အာဟာရဖွံ့ဖြိုးတိုးတက်ရေး စား‌သောက်ဖွယ်ရာများ ကျွေးမွေးခြင်း ဆောင်ရွက်
Feb 04,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (KG) ကျောင်းသား/ သူများအား အာဟာရဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာသန်စွမ်းရေးအတွက် အဟာရပြည့်ဝသော စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁နာရီက ကျွေးမွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရေလယ်ကျွန်းသဲသောင်ခုံပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ်တစ်ခုဖြစ်သည့် တောငန်းခေါင်းကြားကောင်ရေ ၄၀၀ ‌ကျော် အုပ်စုလိုက် လာရောက်နေထိုင်ကျက်စား 
Feb 04,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်းသဲသောင်ပြင်ပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ်တစ်ခုဖြစ်သည့် တောငန်းခေါင်းကြား (Bar-headed Goose) ကောင်ရေ ၄၀၀ ကျော်ခန့် အုပ်စုလိုက် ယခင်နှစ်မှ ဒီဇင်ဘာလကုန်ပိုင်းလောက်မှစတင်၍ လာရောက်ကျက်စား နေထိုင်လျက်ရှိသည်ကို တွေ့ရှိရသည်။
အ.ထ.က-ဘုတ်ပြင်းကျောင်း၌ KG ကျောင်းသား/ သူများအား အာဟာရကျွေးမွေးခြင်း ဆောင်ရွက်
Feb 04,2025
ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၁၁) နာရီအချိန်က အာဟာရကျွေးမွေးခဲ့ကြသည်။