(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မန္တလေး ဖေဖော်ဝါရီ  ၅

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ လားရှိုးပညာရေးဒီဂရီကောလိပ်၏၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်အရ ကျောင်းသား၊ ကျောင်းသူများက Count Down စနစ်ဖြင့် သရုပ်ဖေါ်ကာ အခမ်းအနားကိုစတင်ပေးပြီး “သာတူညီမျှ” သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်ဖျော်ဖြေကြသည်။

ထို့နောက် အားကစားသမားများက ကွင်းအတွင်းသို့ ချီတက်နေရာယူကြကာ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာလွင်လွင်စန်းက အဖွင့်အမှာစကားပြောကြားပြီး အားကစားသမားများနှင့် ဒိုင်လူကြီးများက အားကစားသစ္စာအဓိဌာန်ပြုကြသည်။

ဆက်လက်၍ လားရှိုးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာလွင်လွင်စန်း၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်နှင့် မန္တလေးပညာရေးဒီဂရီကာလိပ်၊ ကျောင်းအုပ်ကြီး ဒေါ်မိုးမိုးကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ၎င်းနောက် Physical Fitness Dance ဖြင့် သရုပ်ပြတင်ဆက်ကြသည်။

ပြည်ထောင်စုနေ့အကြို၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လားရှိုးပညာရေးဒီဂရီကောလိပ်၊ ကျောင်းတွင်းအားကစားပြိုင်ပွဲတွင် ကိုယ်ကာယကြံ့ခိုင်ရေး အတွဲအမှတ်(၁/၂/၃)၊ ဘောလုံး၊ ဘော်လီလော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ လွန်ဆွဲ၊ ထုတ်ဆီးထိုး၊ Fitness dance အပါအဝင် အားကစားနည်း(၁၆)မျိုးကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)