သတင်းများ

ဘိုကလေးမြို့နယ်၏ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများအတွင်း မီးဘေးလုံခြုံရေး အသိပညာပေး
Feb 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများဖြစ်ကြသော မြို့မဈေးကြီးနှင့် အောင်သပြေဈေးတို့အား မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများပူးပေါင်းကာ ယနေ့နေ့လယ်(၁)နာရီအချိန်၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ရမည်းသင်းမြို့နယ် သမဝါယမအသင်းစု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်များ ရွေးချယ်တင်မြောက်
Feb 04,2025
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်များ ရွေးချယ်တင်မြောက်ပွဲကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့နယ် သမဝါယမအသင်းစု သက်တံ့ရောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် လဝမ်ကထောင်နှင့်ဟိုလော်ကျေးရွာများ ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေး ကျောက်စီမြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Feb 04,2025
ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇွန်လက မိုးသည်းထန်စွာရွာသွန်းခသဖြင့် မြစ်ကြီးနားမြို့ရေဝင်ရောက်မှုနှင့်အတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ လဝမ်ကထောင်နှင့် ဟိုးလော်ကျေးရွာများ၌ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပေါ်ခဲ့သ ဖြင့် အဆိုပါကျေးရွာများ မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး ကျောက်စီကမ်းထိန်းနံရံတည်ဆောက် ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၃ နာရီက ဒေသခံများနှင့်တွေ့ဆုံပြီး တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အိမ်မဲမြို့နယ် အ.ထ.က(ခွဲ) ခလောက်သိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ
Feb 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခလောက်သိုက်ကျေးရွာ အ.ထ.က(ခွဲ) ခလောက်သိုက်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် လူငယ်ရေးရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီတွင်ကျင်းပခဲ့သည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Feb 04,2025
ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင်  စာပေဝါသနာရှင်များနှင့် (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့် “လူတွေရဲ့ချစ်ခင်မှုကိုရအောင်” စာအုပ်ဖြင့် ယနေ့  နံနက် (၁၁) နာရီ အချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။ ‌
ပြည်ကြီးမဏ္ဍိုင်မြို့တွင် (KG) ကျောင်းသား/ သူများအား အာဟာရဖွံ့ဖြိုးရေးအတွက် စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်းဆောင်ရွက်
Feb 04,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးနှင့်အာဟာရဖွံ့ဖြိုးတိုးတက်ရေးအတွက် (KG)တန်း ကျောင်းသား/ သူများအား အာဟာရပြည့်ဝသော စားသောက်ဖွယ်ရာများကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁နာရီ ခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ
Feb 04,2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေကုန်းရပ်ကွက်ရှိကံဦးလမ်းအား ယနေ့နံနက်(၈)နာရီ(၄၅)မိနစ်အချိန်က ဖွင့်ပွဲကျင်းပခဲ့သည်၊၊
သန်လျင်၌ အဋ္ဌမအကြိမ်မြောက် ပရိယတ္တိတံခွန်စာမေးပွဲကျင်းပ
Feb 04,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ မဟာခေမိကာရာမ ရွှေကျင်စာသင်တိုက်၌ ပရိယတ္တိတံခွန်စာမေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အဆိုပါ စာသင်တိုက်၌ စတင်ကျင်းပသည်။