သတင်းများ

မင်းဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 26,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့မဈေးကြီးအတွင်း သွားရောက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပင်လည်ဘူးမြို့နယ် ဝါးရုံသာကျေးရွာတွင် (Cash for Work) စီမံကိန်းဖြင့် ကျေးရွာအားကစား‌ ဘောလုံးကွင်း တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
Aug 26,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ဝါးရုံသာကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ CERP အစီအစီအစဉ်အရ ဆောင်ရွက်နေသော (Cash for Work) စီမံကိန်း လုပ်ငန်းဖြစ်သည့်​
ဧရာဝတီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးနှင့်အဖွဲ့ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များ ကြည့်ရှုစစ်ဆေး
Aug 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာအုပ်စု၊ ချောင်းဝဂျိုင်ကျေးရွာ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်သို့ ယမန်နေ့ နေ့လယ် ၂ နာရီက ဂိတ်အဝင်အထွက် စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ပုသိမ်ခရိုင် ဒုတိယရဲမှူးကြီး မင်းသိန်းနှင့် အဖွဲ့ဝင်များ သွားရောက်စစ်ဆေးပြီး ချောင်းဝဂျိုင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်သို့ (Mask)များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask များ တပ်ဆင်ရန် အသိပညာပေးခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်
Aug 26,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် Coronavirus Disease 2019 (COVID–19) ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်းနှင့် အိမ်အပြင်ထွက်ပါက Mask တပ်ဆင်စေခြင်း လုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID–19) ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က လူသွား လူလာများသော ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံ (မင်္ဂလာဓမ္မာရုံရှေ့)တွင် ဆောင်ရွက်ခဲ့ သည်။
ထီးလင်း၌ COVID-19 ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချ မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Aug 26,2020
ကိုရိုနာဗိုင်းရပ်စ်(COViD-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကာကွယ် ရေးသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/မရှိ နှင့် ဖြန့်ဖြူးခြင်း(သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း ရှိ/မရှိ တို့ကို ယမန်နေ့ ညနေပိုင်းတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
နမ့်ဆန်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဟူးမန်းကျေးရွာအုပ်စုရှိ ရပ်ကျေး ကော်မရှင်များနှင့် တွေ့ဆုံညှိနှိုင်းပြီး မဲရုံအဖြစ် လျာထားနေရာအား ကြည့်ရှုစစ်ဆေးခြင်းဆောင်ရွက်
Aug 26,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများတို့က ဟူးမန်း၊ မန်လုံးကျေးရွာအုပ်စုအတွင်းရှိ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲတာဝန်ရှိသူ များနှင့် တွေ့ဆုံညှိနှိုင်းပြီး မဲရုံအဖြစ် လျာထားနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေဘို၌ စာဖတ်ဝိုင်း၊ ကဗျာဝိုင်း၊ စာအုပ်စာစောင်လှူဒါန်းပွဲနှင့် စာရေးဆရာအသင်းဝင်ကတ် ပေးအပ်ပွဲ ပြုလုပ်
Aug 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် လူငယ်အသင်း (youth club) တို့ ပူးပေါင်းပြီး စာဖတ်ဝိုင်း၊ ကဗျာဝိုင်း၊ စာအုပ်စာစောင် လှူဒါန်းပွဲနှင့် စာရေးဆရာ အသင်းဝင် ကတ်ပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ်တွင် သိုး/ဆိတ် မွေးမြူရေးသင်တန်းဖွင့်လှစ်
Aug 26,2020
ကိုဗစ်-၁၉ ရောဂါ ကြောင့် စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီမံချက်(CERP)အရ ကန့်သတ်ချက် များ ဖြေလျှော့ပြီးနောက် မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင် နိုင်ရန် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်း များ တိုးတက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်း မြို့နယ်၊ ရေကျော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မရုံတွင် ယနေ့ နံနက် ၈ နာရီက သိုး/ဆိတ်မွေးမြူရေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။