ထီးလင်း ဩဂုတ်၂၆
ကိုရိုနာဗိုင်းရပ်စ်(COViD-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကာကွယ် ရေးသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/မရှိ နှင့် ဖြန့်ဖြူးခြင်း(သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း ရှိ/မရှိ တို့ကို ယမန်နေ့ ညနေပိုင်းတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ထီးလင်းမြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးအရောင်းဆိုင်(၃)ဆိုင်တွင် COVID-19 ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ ကျန်းမာရေး ကာကွယ်ရေးသုံး ပစ္စည်း များဖြစ်သည့် နှာခေါင်းစည်း(Mask)၊ လက်သန့်ဆေးရည်၊ Face Shield နှင့် လက်အိတ် စသည်တို့အား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း ရှိ/မရှိ တို့ကိုလည်းကောင်း၊ အလှကုန်ဆိုင်(၂)ဆိုင်တွင် ရောင်းချလျက်ရှိသည့် သနပ်ခါးဖြင့်ပြုလုပ်သော အလှကုန် ပစ္စည်း အမျိုးမျိုးနှင့်မိတ်ကပ်များအား စားသုံးသူရေးရာ ဦးစီးဌာနမှ သတ်မှတ်ထား သော စံနှုန်းများဖြင့် ကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)