နမ့်ဆန် ဩဂုတ် ၂၆
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများတို့က ဟူးမန်း၊ မန်လုံးကျေးရွာအုပ်စုအတွင်းရှိ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲတာဝန်ရှိသူ များနှင့် တွေ့ဆုံညှိနှိုင်းပြီး မဲရုံအဖြစ် လျာထားနေရာအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများတို့က ဟူးမန်းကျေးရွာအုပ်စု၊ မန်လုံးကျေးရွာအုပ်စုရှိ ကျေးရွာအုပ်စု တာဝန်ခံများ၊ ကျေးရွာ တာဝန်ခံများ၊ ရပ်မိရပ်ဖများ ၊ ပညာရေး တာဝန်ရှိသူများနှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ တွေ့ဆုံ ညှိနှိုင်းပေးပြီး၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ ပြည်သူများအားလုံး မဲပေးနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါဝင်မှု ရှိ၊မရှိနှင့် ဆန္ဒမဲပေးရာတွင် မဲရုံအဖြစ်လျာထား နေရာအား အဆင်ပြေစေရန် ကြိုတင်ပြင် ဆင်မှုများ ဆောင်ရွက်ထားရှိရေးတို့ကို ကြည့်ရှုစစ်ဆေး ညှိနှိုင်းခဲ့ကြသည်။ ထို့ပြင် ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ကျေးရွာရေအားလျှပ်စစ် ပြုပြင်နိုင်ရေးလုပ်ငန်း မန်လုံးဘုန်းတော်ကြီး ကျောင်းပင် မဆောင်နှင့် ဓမ္မာရုံပြုပြင်တိုးချဲ့ခြင်း လုပ်ငန်း များအား ကြည့်ရှုပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရန် ညှိနှိုင်းဆွေးနွေး ပေးခဲ့ကြသည်။
အောင်မိုး(နမ့်ဆန် ပြန် ဆက်)