ပင်လည်ဘူးမြို့နယ် ဝါးရုံသာကျေးရွာတွင် (Cash for Work) စီမံကိန်းဖြင့် ကျေးရွာအားကစား‌ ဘောလုံးကွင်း တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ပင်လည်ဘူး ဩဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ဝါးရုံသာကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ CERP အစီအစီအစဉ်အရ ဆောင်ရွက်နေသော (Cash for Work) စီမံကိန်း လုပ်ငန်းဖြစ်သည့်​ ကျေးရွာဘောလုံးအားကစားကွင်း တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးမှုကို ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြု့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့် ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာဘောလုံးအားကစားကွင်း တည်ဆောက်ခြင်းလုပ်ငန်းကို (Cash for Work) စီမံကိန်း ငွေကျပ်သိန်း ၁၀၀ ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဘောလုံးကွင်းအကျယ်မှာ အလျား ၂၃၅ ပေ၊ အနံ ၁၀၀ ပေဖြစ်ကြောင်း၊ လုပ်ငန်းပြီးစီးမှုမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ် ကြောင်း၊ ပင်လည်ဘူးမြို့နယ်တွင် CERP အစီအစဉ်အရ ဆောင်ရွက်နေသော (Cash for Work) စီမံကိန်းလုပ်ငန်းကို တစ်ရွာလျင် ငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာ ၆ ရွာတွင် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများကို ဩဂုတ်လကုန်တွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မျိုးလွင်(ပင်လည်ဘူး)