ရွှေသောင်ယံ ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာအုပ်စု၊ ချောင်းဝဂျိုင်ကျေးရွာ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်သို့ ယမန်နေ့ နေ့လယ် ၂ နာရီက ဂိတ်အဝင်အထွက် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ပုသိမ်ခရိုင် ဒုတိယရဲမှူးကြီး မင်းသိန်းနှင့် အဖွဲ့ဝင်များ သွားရောက်စစ်ဆေးပြီး ချောင်းဝဂျိုင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်သို့ (Mask)များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ကိုဗစ်-၁၉စစ်ဆေး ဆောင်ရွက်မှုများ နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ဂွမြို့နယ်မှအပ ကျန်မြို့နယ်များ အားလုံးမှလူများ ချောင်းဝဂျိုင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်သို့ ဖြတ်သန်း သွားလာသည့်အခါ ကျန်းမာရေး ထောက်ခံစာ၊ မြို့အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ စသည်ဖြင့် ထောက်ခံစာသုံးမျိုး ကိုင်ဆောင်ပြီး သွားလာကြရန် သတ်မှတ်ထား ကြောင်းတို့ကို မကျီးဇင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)