သတင်းများ

မိုးမောက်မြို့နယ်၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့်လူထု လုပ်ရှားမှုအထိမ်းအမှတ်ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Aug 26,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့မိခင်နို့တိုက် ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် လူထုလုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပလောက်မြို့တွင် အိုင်အိုဒင်းဆားရောင်းချမှု အရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်
Aug 26,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ စည်ပင်သာယာဈေးကြီးအတွင်း၌ အိုင်အိုဒင်းဆားရောင်းချမှု၊ အရည်အသွေးစစ်ဆေးခြင်းနှင့် အသိ ပညာပေးခြင်းကို ယမန်နေ့ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask) များဝေငှ
Aug 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ပြည်သူများ နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်အတွက် ယနေ့နံနက် ၈ နာရီက ၂၈ လမ်း၊ အောက်ရွာလေးဈေးနှင့် အ.ထ.က(၁) ကျောင်းအနီး လမ်းဆုံတွင် နှာခေါင်းစည်း(Mask) များကို အခမဲ့ဝေငှ ပေးခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြည်သူများသွားလာရာတွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 26,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်‌ပြေ ချောမွေ့စေရန် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ စည်ပင် သာယာဘတ်ဂျက်ဖြင့် အမှတ်(၁၂၄) ရပ်ကွက် ဟံသာဝတီလမ်းမကြီး၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
ဇလွန်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများ အား ထောက်ပံ့ငွေများပေးအပ်
Aug 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုဖြင့် ဇလွန်မြို့နယ်အတွင်းရှိ မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့‌ငွေများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Aug 26,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် အိန္ဒိယနိုင်ငံမှ လာရောက်သည့် MT CHEMBULK ULSAN သင်္ဘောပေါ်မှ သင်္ဘောသား (၁၉) ဦးနှင့် စင်္ကာပူနိုင်ငံမှလာရောက်သည့် MV-HARVEST SKY ပင်လယ်ကူးသင်္ဘောပေါ်မှ သင်္ဘောသား (၁၉) ဦး စုစုပေါင်းသင်္ဘောသား (၃၈) ဦး Sign off ထွက်လာရာ ယမန်နေ့ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်
Aug 26,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ မသန်စွမ်းသူများအား နိုင်ငံတော်မှ ပေးအပ်သော ​ထောက်ပံ့ငွေများကို ယနေ့ တွင် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်၌ မဲရုံနေရာထားရှိရေးအတွက် အခြေခံပညာကျောင်းများသို့ ကွင်းဆင်း ကြည့်ရှု
Aug 26,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း မဲပေးရာတွင် အဆင်ပြေစေရေးအတွက် အသုံးပြုမည့် မဲရုံနေရာများ ကွင်းဆင်းကြည့်ရှုခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်အတွင်းရှိ စည်ပင်သာယာရေးဓမ္မာရုံနှင့် အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းတို့၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဥက္ကဋ္ဌ ဒေါ်မေမေသန်း၊ ပညာရေး ဌာနမှတာဝန်ရှိသူများနှင့် ရပ်ကွက်တာဝန်ခံတို့က ကွင်းဆင်းခဲ့ကြောင်း သိရသည်။