ဒဂုံ(အရှေ့) သြဂုတ် ၂၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေ ချောမွေ့စေရန် ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ စည်ပင် သာယာဘတ်ဂျက်ဖြင့် အမှတ်(၁၂၄) ရပ်ကွက် ဟံသာဝတီ လမ်းမကြီး ၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်နေပြည်သူများ သွားလာရေးလွယ်ကူ အဆင်ပြေစေရန်နှင့် လမ်းပန်း ဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် အမှတ်(၁၂၄) ရပ်ကွက် ဟံသာဝတီလမ်းမကြီးအား အရှည်ပေ (၁၃၂၀)၊ အကျယ် (၁၄) ပေ နှင့် ထု(၆)လက်မရှိ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ စည်ပင်သာယာ ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ လမ်းအရည်အသွေး ကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)