သတင်းများ

မလှိုင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်မှုရှိရေး အိမ်ထောင်စုလူဦး‌ရေစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေး
Aug 26,2020
၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများကို အိမ်ထောင်စု လူဦးရေစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မလှိုင်မြို့ ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့ နောင်တုံကန်သာယာလှပရေး ကန်ပတ်လမ်း အရှည် ၆၃၀၀ ပေ ကွန်ကရစ်ခင်းခြင်းနှင့် ကွန်ကရစ်ရေနုတ်မြောင်းများဆောင်ရွက်
Aug 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အထင်ကရ နောင်တုံကန်သာယာလှပရေးအတွက် နောင်တုံကန်ပတ်လမ်း ကွန်ကရစ် ခင်းခြင်းနှင့် ကွန်ကရစ်ရေနုတ်မြောင်းများ ဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုငွေကျပ် ၁၉၉၆ သိန်း၊ တပ်မတာ် ကာကွယ်ရေးဦးစီးချုပ်၏ ထောက်ပံ့ လှူဒါန်းမှုဖြင့် ဘိလပ်မြေ တန် (၁၀၀၀)၊ သံချောင်း တန် (၅၀)နှင့် ပြည်သူလူထု လှူဒါန်း မှုများဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီက လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
စေတုတ္တရာမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 26,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၁)နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ စပါးတွင်ကျ ရောက်တတ်သောအဓိက လိပ်ပြာမျိုးရင်း ၀င်ပိုးများကို ဇီ၀နည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း သရုပ်ပြပွဲဆောင်ရွက်
Aug 26,2020
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် စိုက်ပျိုး‌ရေးဦးစီးဌာနက စပါးတွင် ကျရောက်တတ်သော အဓိကလိပ်ပြာမျိုးရင်း၀င် (lepidoptera, larva,caterpillar) ပိုးများကို ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းရန် ( Trichogramma cards) ထရိုင်ဂိုဂရားမားနဂျီလွှတ်၍ ကာကွယ်နှိမ်နင်းခြင်းအား ယမန်နေ့ နံနက်ပိုင်းတွင် သရုပ်ပြကွင်းဆင်းဆောင်ရွက်ခဲ့ ပါသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ ဆောင်ရွက်
Aug 26,2020
ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာပေများ
ထီးလင်းမြို့၌မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့် COVID-19 အထူးချေးငွေများ ထုတ်ချေးပေးမှု ပြီးစီး
Aug 26,2020
ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများနှင့် COVID-19 အထူးချေးငွေများ ထုတ် ချေးပေးခဲ့ရာ ဩဂုတ် ၂၅ ရက်နေ့တွင် ထုတ်ချေးပေးမှု ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရ သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များအား ရပ်ကွက်များအတွင်း ညစဉ်လှည့်လည် ကြေညာပေးလျက်ရှိ
Aug 26,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးခြင်း နှိုးဆော်ချက်များအား မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၀) တွင် ညစဉ်လှည့်လည် ကြေညာပေးခြင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေးလျက်ရှိပါသည်။