သတင်းများ

နတ်မောက်မြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းဆောင်ရွက်ပြီးစီးသည့် ကျေးရွာများအား ကွင်းဆင်း စစ်ဆေး
Aug 26,2020
ကိုဗစ်-၁၉ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိပြည်သူများအား ၎င်းတို့ ကျေးရွာ ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည် ရွယ်၍ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ Cash For Work စီမံကိန်း ဆောင်ရွက် ပြီးစီးသည့် ကျေးရွာများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။           
ဒေးဒရဲမြို့၌ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချနိုင်ရေး ရှင်းလင်း ဆွေးနွေး
Aug 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခွန်ဦးစီးဌာန ရုံးခန်း၌ ယမန်နေ့ နံနက် ၁၁ နာရီတွင် နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချနိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရှင်းလင်း ဆွေးနွေး ခဲ့သည်။
လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုး‌စေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေများပေးအပ်
Aug 26,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါး စိုက်ပျိုးသောရာသီအတွက် မျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ရောဂါကာလ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာ၊ SMU ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့ရှိ ယာယီပျံကျစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး တာဝန်ရှိသူများစစ်ဆေး
Aug 26,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ ရေထွက်ဦးပန်းခြံအတွင်း ဖွင့်လှစ်ထားသည့် ယာယီပျံကျဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ရှိသူများ ယနေ့ နံနက်ပိုင်းက သွားရောက် ကြည့်ရှု စစ်ဆေးသည်။
ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာ​ခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်​​ဆေး​ဆောင်ရွက်
Aug 26,2020
ပြည်ခရိုင် ရွှေတောင် မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်​နိုင်​ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာ​ခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိစစ်​ဆေး ​ ဆောင်ရွက်ခြင်း၊ တပ်ဆင်မှုမရှိပါက နှာခေါင်းစည်း(mask) နှစ်ခုလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ လိုက်လံစစ်ဆေးဆောင်ရွက်မှုကို ယ​နေ့နံနက် ၇ နာရီက လူစည်ကားရာ​နေရာဖြစ်သည့် ပြည်-ရန်ကုန် လမ်းတည်ကုန်းတာလမ်းကားဂိတ်၊ ဘုရားနီးကားဂိတ်နှင့် ရွှေတောင်မြို့မစျေး လမ်းဆုံလမ်းခွတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Aug 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း များကို ယနေ့ နံနက် ၁၀ နာရီကစ၍ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရ သည်။
ကျေးသီးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းဆောင်ရွက်
Aug 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် (၁၀)နာရီ အချိန်က အခြေခံပညာ မူလတန်းလွန်ကျောင်း (လုံပု)၌ ဆောင်ရွက်ခဲ့ကြသည်။
ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး Mask များ လှူဒါန်း
Aug 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး Masks Campaign များ ပြုလုပ်နိုင်ရေးအတွက် အလှူရှင်များက Mask များကို ယနေ့နံနက် ၁၀ နာရီက လာရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။