ကျိုက်လတ် ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ပြည်သူများနှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်အတွက် ယနေ့နံနက် ၈ နာရီက ၂၈ လမ်း၊ အောက်ရွာလေးဈေးနှင့် အ.ထ.က(၁) ကျောင်းအနီး လမ်းဆုံတွင် နှာခေါင်းစည်း(Mask) များကို အခမဲ့ဝေငှ ပေးခဲ့သည်။
အဆိုပါ နှာခေါင်းစည်း (Mask)များကို ကျိုက်လတ်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအဖွဲ့ နာယက ဦးစိန်ဝင်း၊ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့်အဖွဲ့ဝင်များက ဈေးရောင်းချနေသူများ၊ ဈေးဝယ်လာသူများနှင့် လမ်းသွားလမ်းလာများကို ကိုယ်တိုင်တပ်ဆင်ပေး၍ အခမဲ့ဝေငှပေးခဲ့ပြီး နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာကြရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
ရီရီမြင့် (ပြန်/ဆက်)