ကျေးသီးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းဆောင်ရွက်

ကျေးသီး  သြဂုတ်   ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် (၁၀)နာရီ အချိန်က အခြေခံပညာ မူလတန်းလွန်ကျောင်း (လုံပု)၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မျိုးဝင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မော်တော်ဆိုင်ကယ် စီးသူ များ လိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်တိုက်မှု ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများ၊ ဆိုင်ကယ်စီးဦးထုပ်ကို စနစ် တကျ ဆောင်းခြင်းဖြင့် သင့်အသက် အန္တရာယ်ကို ကာကွယ်ပါ၊ ယာဉ်ကြောပိတ်ဆို့မှုသက်သာစေဖို့၊ ယာဉ်တိုက်မှု ဖြစ်လျှင် သတိပြုရမည့်အချက်များ၊ ရှောင်ရန်၊ ဆောင်ရန်များ လိုက်နာဆောင်ရွက်စေလိုကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့ ဝင်များက တက်ရောက်လာသော ဆရာ၊ ဆရာမများအား မော်တော်ယာဉ်/မော်တော်ဆိုင်ကယ် မောင်းနင်သူများအတွက် အသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

သဲစုပိုင်(ပြန်/ဆက်)