ဒေးဒရဲ ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခွန်ဦးစီးဌာနရုံးခန်း၌ ယမန်နေ့ နံနက် ၁၁ နာရီတွင် နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချနိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးဇော်လင်းထွဋ်က ပြည်တွင်းသို့ တရားမဝင် ရောက်ရှိလာသည့် နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးအား တရားဝင်ဖြစ်စေရေးအတွက် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးမည့် လုပ်ငန်း စီမံချက်အား ရှင်းလင်း ဆွေးနွေးခဲ့ပြီး ကပ်နှိပ်မည့် အခွန်အမှတ်တံဆိပ် နမူနာပုံစံများနှင့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ကြေညာလွှာ ပုံစံများအား လုပ်ငန်းရှင်များသို့ ဖြန့်ဝေပေးခဲ့ပြီး လုပ်ငန်းစီမံချက်အား စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)