မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

မြောက်ဥက္ကလာပ ဩဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီကစ၍ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရ သည်။

ထိုသို့ကွင်းဆင်းရာတွင် မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေမိုး၊ အဖွဲ့ဝင်(၁)ဦးရဲဆင့်၊ အဖွဲ့ဝင် (၂) ဒေါ်နုနုလွင်၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဝေဘာဂီမြို့သစ်(၂)ရပ်ကွက် ဝေဟင်လမ်း Box Culvert ပြုလုပ်နေမှု၊ (၆)ကွေ့လမ်းဆုံ ရေသန့်ပိုက် ချနေမှုအား တူးဖော် လမ်းသားခံနိုင်ဝန်  လမ်းပိတ်ဆို့ခြင်း အမြန်လျှော့ချရေး ဆောင်ရွက် နေမှု၊ ရွှေပေါက်ကံ မြို့သစ်အဝင် တံတားထိစပ်နေရာ လမ်းပေါက်ဖာရန် ဆောင်ရွက်နေမှု၊ ပုဂံလမ်းမကြီးနှင့် ဟံသာဝတီလမ်းထောင့် Blind Corner ဖြစ်နေမှုနှင့်  ရွှေပေါက်ကံစက်မှုဇုန် (ဌ)ရပ်ကွက် ရေဝေးထိစပ်နေရာများ ရေစီးရေလာဖော်ဆောင်မှုများကို ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို အကြံပြုပြောကြားခဲ့ ကြောင်း သိရသည်။

​မြမြဝင်း(ပြန်/ဆက်)