ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး Mask များ လှူဒါန်း

ဒေးဒရဲ  ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး Masks Campaign များ ပြုလုပ်နိုင်ရေးအတွက် အလှူရှင်များက Mask များကို ယနေ့နံနက် ၁၀ နာရီက လာရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်း လူစည်ကားရာနေရာများ၌ Masks Campaign များကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ် ကိုဗစ်-၁၉ အထောက်အကူပြု ကော်မတီတို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာသို့ ဒေးဒရဲမြို့နေ ဦးမြတ်သူ၊ ဦးနိုင်ထူးနှင့် အားမာန်သစ် လူမှုကူညီရေးအသင်း (ချောင်းကြီး ကျေးရွာ)တို့က စုစုပေါင်း Masks(၁၅၀၀)ခုအား လာရောက် လှူဒါန်း ခဲ့ကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)