သတင်းများ

မင်းလှ၌ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပြင်ဆင်ဖြည့်စွက်ခြင်း ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Aug 27,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပြင်ဆင် ဖြည့်စွက်ခြင်း ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ကျောင်းကုန်းမြို့၌ (Mask)နှာခေါင်းစည်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လက်ကမ်း စာစောင်များ ဖြန့်ဝေပေး
Aug 27,2020
ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ဆေးရုံလမ်းနှင့် မင်းလမ်းထောင့်၌ နှာခေါင်းစည်း (mask) များနှင့် ယာဉ်စည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈ နာရီ အချိန်တွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ
Aug 27,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (Covid-19 Economic Relief Plan-CERP)အရ မိုးစပါးမျိုးစေ့ ထုတ် ဧက(၂၀)အတွက် ပထမအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီ အချိန်က ထီးပေါ်ဆိုကျေးရွာအုပ်စု ထီးသော်ကူးကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
ကျိုက်မရောမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး
Aug 27,2020
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များ၏ မဲစာရင်းတွင် ကိုင်ဆောင်လက်မှတ် အမှတ်ဖြည့်သွင်းခြင်းနှင့်
ရွှေတောင်မြို့နယ်တွင် COVID-19 စီးပွားရေး ကုစားမှု အစီအစဉ်အရ မိုးစပါးပျိုးစေ့ထုတ် လုပ်ငန်း ဆောင်ရွက်သည့်တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 27,2020
ပြည်ခရိုင် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက COVID-19စီးပွါးရေးကုစားမှုအစီအစဥ်အရ မိုးစပါးပျိုးစေ့ထုတ် လုပ်ငန်း ဆောင်ရွက် သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Aug 27,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာရေးဆရာ လယ်တွင်းသားစောချစ် ၏ “ပန်းလိုချင် အပင်ကို ပျိုးတတ်မှ” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
​​ရေတာရှည်မြို့နယ်ရှိ အထက်တန်းအဆင့် စာသင်ကျောင်းများ ယာယီပိတ်
Aug 27,2020
ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် စာသင်ကျောင်းများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးနှင့် ဘေးကင်းလုံခြုံစွာ ဖွင့်လှစ်နိုင်ရေးအတွက် ဆန်းစစ်ချက် A အဆင့်ရ၍ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဇူလိုင်လ(၂၁)ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ကြပြီး ဩဂုတ်လ(၂၇)ရက် နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကျောင်းများကို ယာယီပိတ်ထားရန် တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားထားကြောင်းနှင့် ကျောင်းဖွင့်မည့်ရက်ကို တစ်စုံတစ်ရာ ညွှန်ကြားချက် ရှိမှသာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေးအတွက် Mask campaign ပြုလုပ်
Aug 27,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်​ရေးအတွက် မြို့နယ်အတွင်းရှိ ထီးတန်း​စျေးအတွင်းတွင် Mask တပ်ဆင်သွားလာ​စေရန် Mask campaign ပြုလုပ်ခြင်းကို ယ​နေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။