ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေးအတွက် Mask campaign ပြုလုပ်

ကြည့်မြင်တိုင် ဩဂုတ် ၂၇

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်​ရေးအတွက် မြို့နယ်အတွင်းရှိ ထီးတန်း​စျေးအတွင်းတွင်  Mask တပ်ဆင်သွားလာ​စေရန် Mask campaign  ပြုလုပ်ခြင်းကို ယ​နေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့​ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးဇာနည်ဝင်း ဦး​ဆောင်​​သော မြို့နယ်ကိုဗစ်-၁၉​ရောဂါ ကာကွယ် ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး ကော်မတီအဖွဲ့ဝင်များမှ နှာခေါင်းစည်း မတပ်ဆင်သူများအား အသိပညာပေးခြင်း နှင့် နှာခေါင်းစည်း လိုအပ်သူများအား နှာခေါင်းစည်းများ ဝေငှပေးခြင်း၊ အပြင်ထွက်သည့်အခါ စျေး​ရောင်း စျေးဝယ် ပြုလုပ်သည့် အခါတိုင်း ​နှာ​ခေါင်းစည်းတပ်ဆင်ကြရန်၊ လူစုလူ​ဝေး​နေရာများကို မလိုအပ်ဘဲ သွားလာခြင်း မပြုရန် စသည် တို့ကိုလည်း Hand Speaker များနှင့် ပြည်သူများ သိရှိနိုင်​စေရန်အတွက် ကြေညာ​ပေးခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)