​​ရေတာရှည်မြို့နယ်ရှိ အထက်တန်းအဆင့် စာသင်ကျောင်းများ ယာယီပိတ်

ရေတာရှည် သြဂုတ် ၂၇

ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် စာသင်ကျောင်းများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီး ရေးနှင့် ဘေးကင်းလုံခြုံစွာ ဖွင့်လှစ်နိုင်ရေးအတွက် ဆန်းစစ်ချက် A အဆင့်ရ၍ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဇူလိုင်လ (၂၁) ရက် နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ကြပြီး ဩဂုတ်လ(၂၇)ရက် နေ့မှစ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကျောင်း များကို ယာယီ ပိတ်ထားရန် တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားထားကြောင်းနှင့် ကျောင်းဖွင့်မည့်ရက်ကို တစ်စုံတစ်ရာ ညွှန်ကြားချက် ရှိမှသာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ရေတာရှည်မြို့နယ်တွင် အ.ထ.က(၁၀)ကျောင်း၊ အထက(ခွဲ)()ကျောင်း၊ အ.ထ.က(တွဲ)(၃)ကျောင်းနှင့် ကိုယ်ပိုင်အထက် တန်းအဆင့် စာသင်ကျောင်း(၁၂)ကျောင်း စုစုပေါင်း(၃၃)ကျောင်းရှိကာ အဆိုပါ ကျောင်းအားလုံး ဇူလိုင်လအတွင်း ဖွင့်လှစ်နိုင်ခဲ့ပြီး Grade-10 တွင် ပညာသင်ကြားနေသူ ကျောင်းသား၊ သူပေါင်း(၃၀၁၇)ဦးနှင့် Grade-11 တွင် ပညာ သင်ကြားနေသူ ကျောင်းသား၊ သူပေါင်း(၂၉၀၂)ဦးရှိ ကြောင်း ရေတာရှည်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ဆု (ပြန်/ဆက်)