ကရသူရိ ဖေဖော်ဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေး အပ်ခြင်းကို ယနေ့ နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/ သူများ အသိပညာ ဗဟုသုတ ရရှိပြီး စိတ်ရွှင်လန်းစေရေး၊ နေ့ထူး/နေ့မြတ်များအား အစဉ်အမြဲသတိရရှိရေး၊ ကိုယ်အမူအရာ၊ နှုတ်အမှုအရာ စွမ်းရည်များတိုးတက်မြှင့်မားရေး၊ တစ်ဦးနှင့် တစ်ဦးရိုင်းပင်းကူညီတတ်စေရေး၊ အတွေးအခေါ်ဉာဏ်ရည်များ တိုးတက်ရေးနှင့် စာဖတ်အားကောင်းသည့် ကလေးများဖြစ်စေရေး ကျင်းပပြုလုပ်ခြင်းဖြစ်ရာ ပြိုင်ပွဲကို အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/သူများက “ပြည်ထောင်စုတေး” ခေါင်းစဉ်ဖြင့် ရွတ်ဆိုယှဉ်ပြိုင်ကြပြီး စာကြည့်တိုက်လက်ထောက်-၃ မှ ဆုရွေးချယ်၍ မြို့ဦးစီးမှူးက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲသို့ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း/ အလယ်တန်းအဆင့် ကျောင်းသား/ သူ(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)