မောက်မယ်မြို့နယ်၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် နိဗ္ဗာန်စျေးပွဲတော် ကျင်းပ

မောက်မယ် ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် နိဗ္ဗာန်စျေးပွဲတော်ကို ယနေ့နံနက် ၁၀ နာရီတွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စျေးတန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အနေဖြင့် နိဗ္ဗာန်စျေးပွဲတော်တွင် အ.လ.က(ခွဲ)စျေးတန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် စေတနာရှင်အလှူရှင်များက ရှမ်းမုန့်ဟင်းခါး၊ ခေါက်ဆွဲကြော်၊ ခေါပုတ်၊ အကြော်စုံ၊ တို့ဟူးသုတ်၊ သာကူကျောက်ကျော၊ အချိုရည်ဘူး၊ သောက်ရေသန့် စသည့်စားဖွယ်စုံအမျိုးမျိုးတို့ကို နိဗ္ဗာန်စျေးပြုလုပ်၍ လှူဒါန်းခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုများက ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)