ဒလမြို့နယ်တွင် မီးခိုးမြူငွေ့‌လျှော့ချရေးဆိုင်ရာ ပတ်၀န်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဒလ ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာပတ်၀န်းကျင် ထိန်းသိမ်း‌‌ရေး အသိပညာ‌ပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က အံ့ကြီးအနောက်ရပ်ကွက်ရှိ အမှတ်(၁၃)အခြေခံပညာမူလတန်း‌ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ အဖွဲ့၀င်(၂) ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး‌ ဒေါ်ဇင်မီမီလင်းမှ ပတ်၀န်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ရခြင်းအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာသိကောင်းစရာများနှင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသောအကြောင်းအရင်းများ၊ လေထုညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆောင်ရန်၊ ရှောင်ရန်နှင့်သိကောင်းစရာများကို ရှင်းလင်း‌ဟောပြောဆွေးနွေးခဲ့ပြီး မြေထု၊ ရေထု၊ လေထု၊ ပလတ်စတစ်ညစ်ညမ်းမှုအသိ ပညာပေးဗီဒီယို Clip ဖြင့်ပြသခဲ့သည်။ ထို့နောက် မြို့နယ်ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၀န်ထမ်းများက တက်ရောက်လာ‌သော ကျောင်းသား၊ ကျောင်းသူများအားမီးခိုးမြူငွေ့နှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ပတ်၀န်းကျင်ထိန်းသိမ်းရေး ဆိုင်ရာမေးခွန်းများမေးမြန်းကာ အဖြေမှန်ရရှိသူများအား ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးမှ ကျောင်းသား၊ ကျောင်းသူများအား နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂)ဦးရွှေလှိုင်၊ မြို့နယ်ပညာ‌ရေးမှူးဒေါ်မြင့်မြင့်အေး၊ မြို့နယ်ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၀၀)ဦးတက်ရောက်ခဲ့ကြသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)