ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၈)ဉီးထပ်မံဝင်ရောက်

ချင်းရွှေဟော်  စက်တင်ဘာ ၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဩဂုတ်လ ၃၀ ရက်နေ့၊ညနေ(၆)နာရီအချိန်က(၃)ဉီး နှင့် ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲ အချိန်က(၅)ဉီး   စုစုပေါင်းနေရပ်ပြန်ပြည်သူ(၈)ဉီး  ထပ်မံဝင်ရောက်လာခဲ့သည်။

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၈)ဉီးတို့မှာ အမျိုးသား(၄)ဉီး၊ အမျိုးသမီး(၄)ဉီး   တို့ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီး၊  လှည်းကူးမြို့နယ်မှ(၂)ဉီး၊  မကွေးတိုင်းဒေသကြီး၊  အောင်လံမြို့နယ်မှ(၁)ဉီး၊  မြို့သစ် မြို့နယ် မှ(၂)ဉီး၊  ရှမ်း ပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ(၁)ဉီး၊ နမ္မတူမြို့နယ်မှ(၁)ဉီး နှင့် ကွမ်းလုံမြို့နယ် မှ(၁)ဉီး တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့   ချင်းရွှေဟော် နယ်စပ်ဂိတ်မှဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့  စနစ်တကျ စီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား(၈၁၈၅)ဉီး နှင့် အမျိုးသမီး(၆၅၇၆)ဉီး တို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၁၄၇၆၁)ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)