ဇလွန်မြို့မဈေးသစ်တွင် ဈေးရောင်းဝယ်သူများ Mask တပ်ဆင်မှု ရှိ/မရှိ နေ့စဉ်စစ်ဆေးခြင်း

ဇလွန်  စက်တင်ဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးသစ်တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းဝယ်ကြသူများတွင် Mask တပ်ဆင်မှု ရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ နေ့စဉ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့စစ်ဆေးရာတွင် ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်ကြသူများ ဈေးသို့လာသည့်အခါတိုင်း Mask တပ်ဆင်မှုရှိစေရေးတို့ကို နေ့စဉ် အရှိန်အဟုန်မြှင့် လှည့်လည်  စစ်ဆေးခြင်း ဖြစ်သည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)