မိုးနဲ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ အတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်စု ရှိမသန်စွမ်းသူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဥယျာဉ်ရပ်ကွက် ၊နာဟောင်ရပ်ကွက် ၊လွိုင်မြေရပ်ကွက်နှင့် နောင်မြိုင်းကျေးရွာအုပ်စုများသို့ ကွင်းဆင်းသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့သွားရောက်ထောက်ပံ့ပေးအပ်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု တာဝန်ခံစာရေးဝန်ထမ်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက မသန်စွမ်းသူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ရာ မိုးနဲမြို့နယ် မြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မသန်စွမ်းသူ (၁၅၈)ဦး အတွက် တစ်ဦးလျှင် နိုင်ငံတော်မှထောက် ပံ့ငွေကျပ်(၃၀၀၀၀)နှုန်းစီဖြင့် စုစုပေါင်း ပေါင်းငွေကျပ် (၄၇၄၀၀၀၀) အား နိုင်ငံတော်၏ ကိုယ်စား အိမ်တိုင် ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)