ပုသိမ်မြို့ ကုလဝိသေသီ သီလရှင် စာသင်တိုက်သို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် အလှူရှင်များက ဆွမ်းဆန်နှင့်လှူဖွယ်များ လောင်းလှူ

ပုသိမ်   စက်တင်ဘာ   ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် ဇနီးဒေါ်လဲ့လဲ့ဆွေ ၊ ဒုတိယဥက္ကဋ္ဌ ဦးစန်းထွေးနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် ဇနီး၊ ဦးသိန်းအောင်နှင့် ဇနီး ဒေါ်ဥမ္မာခင် (ဆရာမကြီး ဒေါ်စောကြည်ကြည်၊ ပုသိမ်တက္ကသိုလ် မြန်မာစာဌာန ကထိက(ငြိမ်း) သပြေဆောင် အဆောင်မှူး ကွယ်လွန်ခြင်း ၆ နှစ်ပြည့်နှင့် လွှတ်တော်ရုံး ဝန်ထမ်းများ စုပေါင်း၍ ဆွမ်းဆန်တော် ၊ ဆီနှင့် အခြားလှူဖွယ် ပစ္စည်းအစုစုတို့ကို ယမန်နေ့ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) ညနေ ၃ နာရီက ပုသိမ်မြို့မဟာဗန္ဓုလလမ်း ကုလဝိသေသီ သီလရှင်စာသင် တိုက်၌ လောင်းလှူ ခဲ့ကြသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပုသိမ်မြို့ပေါ်ရှိ သီလရှင် ကျောင်းပေါင်း ၈၇ ကျောင်းကို ပင့်ဖိတ်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ သီလရှင်ကျောင်း  ၂၅ ကျောင်းမှ ကြွရောက်တော်မူခဲ့ကြောင်းနှင့် မကြွရောက်နိုင်ကြသော သီလရှင်ကျောင်းများသို့ လွှတ်တော် ရုံး အဖွဲ့ ဝန်ထမ်းများက လိုက်လံပို့ဆောင် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းမှုတွင် ဆွမ်းဆန်တော် ၉ အိတ်နှင့်ပြည် ၂၀၊ ဆီ ၂၀၇ ပိသာ၊ ကြက်သွန်နီ ၁၁၇ ပိသာ၊ ကြာဇံ ၁၁၃ ပိသာ၊ ပဲခြမ်း ၈၀ ပိသာ တန်ဖိုးငွေစုစုပေါင်း ကျပ်တစ်ဆယ့်လေးသိန်း ငါးသောင်းလေးထောင် ကိုးရာငါးဆယ်တိတိကို လောင်းလှူခဲ့ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)