ကံမမြို့၌ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်း ရှိ မရှိ စစ်ဆေးဆောင်ရွက်

ကံမ စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ပြည်သူများနေအိမ်ပြင်ပ ထွက်ခွာ သွားလာရာ၌ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာခြင်း ရှိ မရှိ စစ်ဆေးခြင်းကို မြို့ပေါ် လူစည်ကားရာ လမ်းဆုံတွင် နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိမ်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး ပြည်သူများ အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပထွက်ခွာရာ၌ နှာခေါင်းစည်း (Mask) တပ်ဆင်မှု မရှိသူများအား ငွေ ၂၀၀၀ ကျပ် ဒဏ်ကြေးပေးဆောင်စေ၍ (Mask) နှစ်ခု ပြန်လည် ပေးပြီး တပ်ဆင်စေခြင်းဖြင့် စစ်ဆေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

ကျော်ဇေယျဝင်း(ကံမ)