စလင်း စက်တင်ဘာလ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများနေအိမ် ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားလာစေရန်အတွက် နံနက်(၇) နာရီမှ (၁၁) နာရီထိ စလင်းမြို့ဈေးမရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံအနီးတွင် အသိပညာပေးပြီး တစ်ခုဝယ်တစ်ခု ဒဏ်ရိုက်စနစ်ဖြင့် စစ်ဆေးဆောင်ရွက် လျက်ရှိသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် တုန့်ပြန်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှု များနှင့်အညီ နံနက်ပိုင်းနှင့် ညနေပိုင် (၂) ပိုင်းခွဲ၍ ပါးစပ်နှာခေါင်းစည်းမပါပဲ အပြင်သွားလာခြင်းများကို တားဆီးအရေးအယူခြင်း များ ကွင်းဆင်း ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် နိုင်ရေး အတွက် စလင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းဆက်၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ များက စလင်း-ပွင့်ဖြူ-မင်းဘူးသွားလမ်း၊ မီးပွိုင့်လမ်းဆုံနှင့် စလင်း-တညောင်-ဆိတ်ဖြူ သွားလမ်း၊ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံအနီးနှင့် ရွှေမုဌော ဘုရားအနီးတို့တွင် ခရီးသွား မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်စီးသူများနှင့် လမ်းသွားလမ်းလာများ အားအပြင် ထွက်တိုင်း ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသွားလာကြရန်၊ မလိုအပ်ဘဲ အပြင် မထွက်ကြရန်၊ လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာ၍နေထိုင်ကြရန် အသိပညာပေးခြင်း လုပ်ငန်းများကို အနေ့စဉ်ကြပ်မတ်ဆောင် ရွက်လျှက်ရှိရာ စက်တင်ဘာလ ၃ ရက်နေ့နံနက် ပိုင်းတွင် ပါးစပ်နှာခေါင်း စည်းမတပ်ဆင်ဘဲ အပြင်သွားလာသူ ၃၆ဦးအား ဒဏ်ရိုက်အရေးယူ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
မောင်လွင်(ပြန်/ဆက်)