ကွမ်းခြံကုန်း ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၄) နှစ်အောက် (ကျား)၊ (U-14) (Boys) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့က အောင်ဆန်းသူရိယလှသောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာန်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာစိုးက ဘောလုံးပြိုင်ပွဲကျင်းပရခြင်းအကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပြီး ပြိုင်ပွဲအား ဇူလိုင် ၈ ရက်နေ့မှ ဇူလိုင် ၂၀ ရက်နေ့အထိ အသင်း (၁၄) သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)