ကန်ကြီးထောင့် ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား မြို့နယ်အတွင်းရှိတောင်သူများကို မေလ ၁၂ ရက်နေ့မှ စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့အထိ ကျေးရွာအုပ်စု (၅၄) အုပ်စု၊ တောင်သူ (၄၀၇၅) ဦး၊ လယ်ဧရိယာ (၂၉၀၆၆) ဧက၊ ငွေကျပ် (၈၇၁၉၈.၀၀) သိန်းအား ထုတ်ချေးခဲ့ပြီး ပြီးစီးမှုရာနှုန်းမှာ ၅၅.၉၀ ရာခိုင်နှုန်း ထုတ်ချေးပြီးဖြစ်ကြာင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင်၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား ရပ်ကွက် (၇) ခု ကျေးရွာအုပ်စု (၇၃) အုပ်စုမှ တောင်သူ (၇၄၀၀) ဦး ၏ လယ်ဧက (၅၂၀၀၀) အတွက် ချေးငွေကျပ် (၁၅၆၀၀) သန်းအား ထုတ်ချေးရန်လျာထားခဲ့ပြီး ယနေ့အထိ ကျေးရွာအုပ်စု (၁၂) အုပ်စု၊ တောင်သူ (၈၃၉) ဦး၏ လယ်ဧရိယာ (၆၂၄၂) ဧကအတွက်တစ်ဧကလျှင် ကျပ် (၃) သိန်းနှုန်းဖြင့် တောင်သူတစ်ဦးလျှင် (၁၀) ဧကအထိ ငွေကျပ် (၁၈၇၂၆.၀၀) သိန်းအား အတိုးနှုန်းမှာ (၅)% ဖြင့်ထုတ်ချေးမည်ဖြစ်ကြောင်း၊ အဆိုပါချေးငွေအား နှစ်စဉ်ချေးငွေ၊ ကိုဗစ်-၁၉ အထူးချေးငွေအပါအဝင် အချိန်စေ့ချေးငွေအပြေအကြေပေးဆပ်ပြီးဖြစ်သော တောင်သူများအား စက်တင်ဘာလ (၃၀) ရက်နေ့အထိထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)