သရက်ချောင်း ဖေဖော်ဝါရီ ၁၀
၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community center) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က စကားလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲ၊ စကားတိုးပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/ သူများအား မိမိတို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းလိုပါက စာကြည့်တိုက်အသင်းဝင်၍ အခမဲ့ငှားရမ်းနိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် စကားလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲ၊ စကားတိုးပြိုင်ပွဲများကျင်းပရာ ကျောင်းသား/ သူများက စည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျ ဝင်ရောက်ယှဉ်ပြိုင်ကြပြီးနောက် ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)