မြိတ် ဖေဖော်ဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းသား/သူများအား စာပေဗဟုသုတ ပိုမိုလေ့လာကြစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောရာ၌ မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက အသိပညာပေး ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များငယ်ရွယ်စဉ် ကတည်းကပင် စာပေများကို ဖတ်ရှုလေ့လာကြရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ စာပေလေ့လာဖတ်ရှုသူသည် စာမဖတ်သူထက် အသိ ဉာဏ်ပိုမိုရရှိစေပြီး အမှားအမှန်ကို သုံးသပ်ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်
အသိပညာပေး ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက စကားပုံဆက်ပြိုင်ပွဲကို ပျော်ရွှင်စွာနွှဲပျော်ခဲ့ကြပြီး ကဗျာရွတ်ဆိုခြင်းနှင့် ပုံပြင်ပြောခြင်းများကို ပြုလုပ်ခဲ့ကြ၍ ပါဝင်ခဲ့သူများကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက အမှတ်တရ စာအုပ်များပေးအပ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်း စကားပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်းသိရသည်။
ခိုင်ထူး (ပြန်/ဆက်)