ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် Hand Held Mega Phone များလွှဲပြောင်းပေးအပ်

မိုးနဲ    စက်တင်ဘာ  ၁၆

 ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖြန့်ဝေသည့် Hand Held Mega Phone များကို လင်းခေးခရိုင် မိုးနဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့်ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနများရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ထပ်ဆင့် လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၃ နာရီ အချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ပေးအပ်ခဲ့ကြောင်းသိရသည်။

 အဆိုပါ Hand Held Mega Phone များအား ‌ မိုးနဲမြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက် ၊ကျေးရွာအုပ်စု (၁၄) အုပ်စု နှင့်ကျိုင်း‌တောင်းမြို့‌ပေါ် (၇) ရပ်ကွက်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုစာရေးဝန်ထမ်းများ၏ လက်ဝယ်သို့ မိုးနဲ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦး‌ကျော်မျိုးထက်နှင့် တာဝန်ရှိသူများက ထပ်ဆင့်လွှဲ‌ပြောင်း ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်း ပါဝင် ဆောင်ရွက်ရေး ၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ပြည်သူများသိရှိစေရန်အသိ‌ပေး ကြေညာချက်၊ မြို့နယ်အတွင်း ထုတ်ပြန်ထားသည့် ပြည်သူများလိုက်နာရန်အချက် များအား ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် ပိုမိုသိရှိ နိုင်စေရန်အတွက် သတိပေးနှိုးဆော် ခြင်းလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ 

 မျိုးညွန့်ရွှေ(မိုးနဲ)