ဒဂုံ(အရှေ့) စက်တင်ဘာ ၁၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများအား ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်များရှိ လူအသွားအလာများသည့် နေရာများ၊ စျေးများ၊ ကားမှတ်တိုင်များ၊ လူအဝင်အထွက်သွားလာရာလမ်း များ၌ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူအသွားအလာများသည့် နေရာများ၊ လမ်းအဝင်များ၊ စျေးများ၌ နှာခေါင်း စည်း Mask တပ်ဆင်ထားခြင်း မရှိသော ခရီးသွားပြည်သူများအား နှာခေါင်းစည်း(mask) တပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မဖြစ်မနေအပြင်ထွက်ရမည် ဆိုပါက နှာခေါင်းစည်း Mask များ တပ်ဆင်ပြီးမှ အပြင်ထွက်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာကြရန် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ ရပ်ကျေး ကိုဗစ်-၁၉ အဖွဲ့ဝင်များက နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသော ပြည်သူများ အား နှာခေါင်းစည်း Mask များ ဝေငှ၍ စနစ်တကျ တပ်ဆင်စေပြီး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)