လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်

လှိုင်းဘွဲ      စက်တင်ဘာ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကြိုတင် ကာကွယ်နိုင်ရန်အတွက် စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူ့ စာကြည့်တိုက် တွင် စာအုပ်စာစောင်များ ငှားရမ်းခြင်းကို ခေတ္တပိတ်ထားပြီး Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလက်ရှိကြောင်း သိရသည်။
အဆိုပါပြည်သူ့စာကြည့်တိုက်လုပ်ငန်းအာ ယာယီပိတ်ထားသော်လည်း စာဖတ် ပရိသတ်များ၊ စာအုပ် စာစောင် ချစ်မြတ်နိုးသူများ၊ လူငယ်လူရွယ်များအနေဖြင့် ကိုဗစ်-၁၉ Stay at Home နေထိုင်စဉ်ကာလအတွင်း စာပေ ဗဟုသုတများ လေ့လာနိုင်စေ ရန် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်နားလည်သိရှိနိုင်စေရန် ရည်ရွယ်၍ ကလေး သူငယ်များအတွက် ပုံပြင်ပြောပြခြင်း ရောင်စုံစက္ကူများဖြင့် အရုပ်ခေါက်ခြင်း၊ ကဗျာရွတ်ဆိုပြခြင်း၊ စာပေချစ်မြတ်နိုးသူများအတွက် ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များနှင့် မိတ်ဆက်ပေးခြင်း၊ အသိပညာပေး Talk Show ဆွေးနွေးပွဲများ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ်များကို ကျန်းမာ ရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ Online မှတစ်ဆင့် စီစဉ်ဆောင်ရွက်နေမှုများကို လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် နေစဉ်ရိုက်ကူး၍ တင် ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)