ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ လျှပ်စစ်မီတာ လဲလှယ်နေမှုနှင့် မီတာယူနစ်ကောက်ယူ ဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒဂုံတောင် စက်တင်ဘာ ၁၆

 ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လျှပ်စစ်မီတာ အသစ် လဲလှယ်တပ်ဆင်ပေးနေမှုနှင့် မီတာယူနစ်ကောက်ယူ ဆောင်ရွက်နေသည့် အ​ခြေအနေများနှင့် ပတ်သက်၍ ယနေ့နံနက် နာရီက မြို့နယ်လျှပ်စစ်မန်နေဂျာရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 အစည်းအဝေးတွင် လျှပ်စစ်မီတာအသစ် လဲလှယ်တပ်ဆင်ရာတွင် မြန်ဆန်မှုရှိစေရေးနှင့် ဘေးကင်း လုံခြုံစေရေး အဓိကထားဆောင်ရွက်ရန် မီတာယူနစ်ကောက်ယူရာတွင်လည်း တိကျမှန်ကန်စေရန် လိုအပ်သည်များကို ပြောကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ခရိုင်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မီတာယူနစ်ကောက်ယူသည့် ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ကျန်းမာရေးကို အထူးဂရုပြု ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)