မြောက်ဥက္ကလာပ စက်တင်ဘာ ၁၆
ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေ များကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္က လာပမြို့နယ် ရွှေပေါက်ကံမြို့သစ်အုပ်ချုပ်ရေးမှူးရုံးသို့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရွေပေါက်ကံခြင်းလုံးအားကစားရုံမှ PPE ဝတ်စုံ (၂၀)စုံ၊ ဦးရဲအောင်၊ ဒေါ်သီသီခိုင်မိသားစုမှ အလှူငွေကျပ်(၁)သိန်း၊ ကိုဝေလု ရွှေပေါက်ကံမှ ဒီဇယ် (၁၀)ဂါလံတို့ကို လာရောက် လှူဒါန်းခဲ့ရာ ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးဦးသောင်းလွင်နှင့် ရုံးအဖွဲ့ဝင် ဦးနိုင်ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် ဆက်စက်သူများကို Quarantine Centerများသို့ ပို့ဆောင်ပေးသည့်လုပ်ငန်းများ၊ မြို့နယ်အတွင်း ပိုးတွေ့ရှိခဲ့သည့် နေရာများကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များဖြင့် ပူးပေါင်း၍ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များကို ပြည်သူများ လိုက်နာနိုင်ရန် အသိပေးခြင်း လုပ်ငန်းများ၊ Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)