ဥတ္တရသီရိ ဇူလိုင် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား ချပြရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ရာ ဥတ္တရခရိုင်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ကိုထွေး၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးစာရေးများ၊ ရပ်ကွက်/ကျေးရွာ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများ တက်ရောက်ကြသည်။
ဦးစွာ ဥတ္တရခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ကိုထွေးက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ချပြရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ဥတ္တရသီရိမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြကာ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ ဥတ္တရခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ကိုထွေးက လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပြီး နိဂုံးချုပ်လမ်းညွှန်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)