မိုးနဲ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစံပြစိုက်ခင်း သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က နမ့်မော်ဆွမ့်ကျေးရွာ တောင်သူဦးစိုင်းထွန်း၏ လယ်မြေနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးရာနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပန်းတိုင်အထွက်နှုန်းရရှိရေး မိရိုးဖလာစိုက်နည်းစနစ်မှ ခေတ်မီသောစိုက်နည်းစနစ်များ၊ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့် လက်ဆွဲကောက်စိုက်စက်များ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေးကို ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်းကာ လက်ဆွဲကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)