ကျိုင်းတုံ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် နမ့်ခင်ချောင်း၊ နမ့်ဟတ်ချောင်း၊ နမ့်လပ်ချောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှုလျော့ပါးရေးအတွက် သဲနုန်းတူးဖော်ခြင်းနှင့် ချောင်းပေါင်ဆင့်ခြင်းလုပ်ငန်းများကို ဇူလိုင် ၁၁ ရက်က မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ချောင်းများ ရေစီးရေလာကောင်းမွန်ရေးနှင့် ချောင်းများအနီးရှိ ရပ်ကွက်၊ ကျေးရွာများနှင့် လယ်ယာမြေများ ရေကြီးရေလျှံမှုများ လျော့ပါးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးနိုင်ရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့၊ ဒေါ်နန်းနော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)