နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်း ဥတ္တရခရိုင်/ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်‌ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင်/ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး သန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဦးစွာ နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းသည် ဥတ္တရခရိုင်/ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ ရုံးဝင်းအတွင်း သန့်ရှင်းသာယာလှပရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရုံးခန်းများအလိုက် ရုံးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းသည် ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းက  အဖွင့်အမှာစကားပြောကြားပြီး ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးစောနိုင်က ဇေယျာသီရိခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များ၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ အချက်အလက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်း‌နောက် ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက တစ်ဦးချင်း မိတ်ဆက်ကြပြီးနောက် နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းက ဝန်ထမ်းများအား စားသုံးဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)