ထန်းတပင်(ပဲခူး) ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ယနေ့ နံနက် ၉ နာရီက စားအုန်းဆီရောင်းချနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ လိုက်လံကြပ်မတ်စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးအောင်မျိုးသူနှင့် အဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမျိုးအောင့်နှင့် အဖွဲ့ဝင်များ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဦး တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးမြတ်သူ စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စားသုံးဆီဝယ်ယူခွင့် စာအုပ်ဖြင့် ရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းမှန်ကန်မှု ရှိ / မရှိ ၊ အလေးချိန် မှန်ကန်မှုရှိစေရေး၊ သတ်မှတ်ပမာဏအတိုင်း ရောင်းချမှု ရှိ/ မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)