မြစ်သားမြို့နယ်၌ ယခုနှစ်နွေသီးနှံရာသီတွင်စပါး (၂၀၁၁၀)ဧက လျာထားပြီး လျာထားဧကအားလုံး စိုက်ပျိုးပြီး

မြစ်သား ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နွေသီးနှံရာသီတွင် စပါး (၂၀၁၁၀)ဧကလျာထားပြီး လျာထားဧကအားလုံး စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြစ်သားမြို့နယ်အတွင်း နွေသီးနှံစိုက်ပျိုးရာသီ၌ စပါး (၂၀၁၁၀)ဧက စိုက်ပျိုးရန်လျာထားပြီး လျာထားဧကအားလုံး စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ “ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မြစ်သားမြို့နယ်မှာ စပါး (၂၀၁၁၀)ဧက စိုက်ပျိုးဖို့လျာထားပြီး လျာထားချက်ပြည့်မီ‌အောင် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စပါးစိုက်ပျိုးရာမှာ စိုက်နည်းစနစ်မှန်ကန်စေဖို့၊ အထွက်နှုန်း‌ကောင်း‌စေဖို့၊ ပိုးမွှားအန္တရာယ်ကင်းရှင်းစေဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနတွေ ပူးပေါင်းပြီး ဆောင်ရွက်‌ပေးနေပါတယ်”ဟု မြစ်သားမြို့နယ် စိုက်ပျိုရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က ပြောပြသည်။

စပါးကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှု ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သည့်အတွက် ဝင်‌ငွေရရှိပြီး လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်သောကြောင့် စပါးကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ဒေသခံတောင်သူများက ပြောပြသည်။

ဝါဝါမြင့်(မြစ်သား)