ဝေါမြို့နယ်၌ ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ

 

 

ဝေါ ဇွန် ၂၄

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စီမံအုပ်ချုပ်ကောင်စီရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံ ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ၂၄ရက်နေ့ နံနက်၁၀:၀၀ နာရီက ပြုလုပ်ခဲ့သည်။

 

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌဦးဝင်းမော်က မြို့နယ်ဌာနဆိုင်ရာများ မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါမဖြစ်ပွား၊ မပြန့်ပွားစေရေးအတွက် ပြည်သူများအနေ ဖြင့် အထူးဂရုပြုသွားလာနေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားလာရာတွင် Mask (နှာခေါင်းစည်း)များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ပဲ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း နေထိုင်ကြရန်၊ ဌာနလုံခြုံရေးကိစ္စရပ်များ အထူး အလေးထား ဆောင်ရွက်သွားရန်၊ မြို့ပြကျေးလက်လမ်း တံတားတည်ဆောက်ရေးကိစ္စရပ်များ အချိန်မီပြီးစီးရေး၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးမှုများ၊ ရပ်ကွက်အတွင်း ရေစီး ရေလာကောင်းမွန်ရေးနှင့်  ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်း၍ ဆောင်ရွက် သွားရန်လိုကြောင်း၊ အခြေခံပညာကျောင်းများနှင့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးကို အထူးသတိရှိစွာ ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ် ထွန်းရေးနှင့် ဌာနဆိုင်ရာများ လုံခြုံရေးအထူးအလေးထား ဆောင်ရွက်ရန် အစရှိသော ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်း မှာကြားခဲ့သည်။

 

ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဌာနလုပ်ငန်းများ ဆွေးနွေးပွဲတက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအဖွဲ့များမှ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ လုပ်ငန်းဆွေးနွေးတင်ပြမှုများအား စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း