ယင်းမာပင် ဇွန် ၂၄
စစ်ကိုင်းတိုးဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာဈေး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့်မဖြစ်မနေ ခရီးသွားလာ ရမည့် ပြည်သူများ၊စျေးရောင် ဈေးရောင်း၊ စျေးဝယ်များအနေဖြင့် ပါးစပ်နှာခေါင်းစည်း Mask များ တပ်ဆင် ထားခြင်း မရှိပါက Mask များအခမဲ့ ဖြန့်ဝေပေးပြီး အပြင်ထွက်တိုင်းတစ်ယောက်မကျန် Mask များ တပ်ဆင်သွားလာကြရန် ပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့သည်။
Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမန်ကိုဟောနှင့် တာဝန် ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အောင်အောင်(ယင်းမာပင်)