ဝမ်းတွင်း ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု နှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယနေ့နံနက် ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အနာဂတ်ပန်းများ ပွင့်လန်းစေဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး ပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြည်ဖွယ်၊ ကမ္ဘာရန်သူဘိန်းဖြူ၊ မူးယစ်အန္တရာယ်လူ့ရန်စွယ် ကာကွယ်တိုက်ဖျက်လက် ချင်ယှက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ် သောဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူဖေးမကူ အစရှိသည့် အသိပညာပေးကဗျာ၊ဆောင်းပါးနှင့်ဓါတ်ပုံပါဝင်ပြီး လူငယ်လူရွယ်များအတွက် အသိပညာ ဗဟုသုတများရရှိစေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ(အခမဲ့) ထုတ်ဝေလျှက် ရှိကြောင်းသိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များအား ပြည်သူ့လူထုအတွင်း ဖြန့်ဝေခြင်းများကို အခြေခံပညာ အထက်တန်းကျောင်း(ဝမ်းတွင်း)၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း-ခွဲ(ဝမ်းတွင်း)နှင့် ဌာနဆိုင်ရာများ၊ လူစည်ကားရာဈေးတို့တွင် ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)